Forever Ðÿ’Š (Unicode And Zawgyi) Completed ၃

A+ A-

Unicode …..

ရှိုင်းခေတ်’pov

ဒီနေ့ဆယ်တန်းစာမေးပွဲဖြေရက်တဲ့.ကျွန်တော်လည်းအစက မသိပါဘူး. ကျွန်တော့အသိအိမ်က မနက်စာဖိတ်​ေကျွးလို့သွားတော့ သူတို့အိမ်က သားကနှစ်ကျ ဆိုတော့ အဝေးကကျောင်းမှာ ခုံနံပါတ်ကျတယ်. အရှေ့ဒဂုံဘက်တဲ့ တော်တော် ဝေးပုံပဲ.မနက် ကျွန်တော်ရောက်တော့ အိမ်က ကားပျက်နေလို့ သူ့အမေကော သားကော ဒုက္ခ ရောက်နေတယ်

“ရှင်ကလည်း မနေ့တည်းက ကလေးစာမေးပွဲဖြေသွားမှာ ကားကိုသေချာသွားစစ်ထားပါဆို အခုတော့ ဖြစ်ပြီ စိတ်ညစ်တယ် နောက်ကျတော့မှာပဲ သက်တောင့်သက်သာဖြစ်အောင် လို့ taxi နဲ့မသွားချင်ပါဘူးဆို”

“မင်းကလည်း မနေ့က အလုပ်က ပြန်လာတာ 12 ထိုးတော့မယ်ငါတကယ်မအားလို့လုပ်မပေးမိတာကို…. …..
ဟာဗျာ ကိုရှိုင်းခေတ် တကယ်အားနားတယ် ကလေးက စာမေးပွဲဖြေဆိုတော့ အရေးကြီးနေတာ ရှိုင်း​​ခေတ် ရှိနေတာတောင်မေ့သွားတယ်”

.”မဟုတ်တာဗျာ ကလေးကအရေးကြီးတာပေါ့ ဒီလိုလုပ်ပါလား ကျွန်တော် လည်းအားတာပဲ ကျွန်တော့ ကားနဲ့ လိုက်ပို့လိုက်ပါ့မယ်”

မပို့ပေးချင်ပေမဲ့လည်း ဆယ်တန်းကျောင်းသားဆိုတော့ လည်း ကူညီရမှာပေါ့လေ.

“အဆင်ပြေပါ့မလား ရှိုင်းခေတ် ရယ် ဖြေပြီးတဲ့အထိလည်း စောင့်ရအုံးမှာလေ “

“ရပါတယ်ဗျာ ကျွန်တော် အဆင်ပြေပါတယ် “

“အဆိုရင်တော့ တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ”

“အန်တီ.ညီလေး သွားရမယ်ဆိုလည်း အခု သွားရအောင် တော်ကြာ နောက်ကြနေဦးမယ်”

ကားပေါ်မှာ စာတွေတော့ကြည့်နေတာပဲ .
​ဖြေပြီးထွက်လာကြတော့ ကျွန်တော် က ကားနဲ့ဆိုတော့ နောက်ဆုံးလူရှင်းမှပဲ ထွက်ရတယ်.အသီးသီး ထွက်လာသူတွေကိုကြည့်ရင်း ……..

ကောင်လေးတစ်ယောက် အသားညိုညို လခြမ်းလိုမျက်လုံးလေးတွေ သဘာဝတိုင်း လှနေတဲ့ သူ့နှုတ်ခမ်းရဲရဲလေး တွေ အဖြူအစိမ်း လေးနဲ့ တစ်ယောက်ထဲ ရုပ်တည်ကြီးနဲ့ စက်ဘီးနင်းလာတဲ့ကောင်လေး အများထဲမှာမှ သူ့တစ်ယောက်ပဲ ကွက်မြင်တဲ့ ကျွန်တော့် မျက်လုံး ချွင်းချက်ဖြစ်သွားပြီလားမသိဘူး.

“သား…လူရှင်းပြီလေ အန်တီ တို့ သွားရအောင် “

ကောင်လေး စက်ဘီးနင်းသွားတာကို မျက်စိတစ်ဆုံးလိုက်ကြည့်နေတုန်း
အန်တီ အသံကြားမှ ဘေးတွေကြည့်လိုက်တော့လူပင်အတော်ရှင်းနေပြီ .

“အာ ဟုတ် အန်တီ သွား…သွားပြီ “

ကောင်လေးကိုပြန်ရှာကြည့်တော့ မတွေ့တော့ဘူး……

.
.
.
.
အိမ်ရောက်တော့

“ကဲ ကားကဘာတဲ့လဲ “

“ကားက ပြင်ရမှာ ၂ ပါတ်လောက်ကြာမယ်တဲ့”

“အမလေး အဆိုဘယ်လိုလုပ်ကြ မလဲ”

“အာ …….အန်တီ ဒီလိုလုပ်ပါလား ကျွန်တော်လည်း ကျန်းမာရေး သိပ်မကောင်းလို့အလုပ်က ခန နားထားတာ.အာ့ကြောင့်အားနေတာ အဆင်ပြေရင်ကျွန်တော်ပဲ စာမေးပွဲ ပြီးတဲ့ထိ အကြိုပို့လုပ်ပေးပါ့မယ်”

အစက မလုပ်ချင်တဲ့ကျွန်တော်က အခုတော့အရမ်းကို လိုက်ပို့ ချင်နေပါပြီ.

“အလိုဆိုရင်တော့ အန်တီ အရမ်းကျေးဇူးတင်ပါတယ် သားရယ်”

“ရှိုင်းခေတ် ဦးလေး တကယ်ကျေးဇူးတင်တယ် အားလည်းနာပါတယ်”

“မဟုတ်တာ ဦးလေးရာ ရပါတယ်”
(ကျွန်တော် ကိုယ်တိုင်ကကို အရမ်းလုပ်ချင်နေလို့ပါ)

လိုက်ပို့ တဲ့ နောက် ၅ ရက်အတွင်းသူ့ကို နေ့တိုင်းပဲ တွေရတယ်. သူပုံက တစ်ယောက်ထဲ ရုပ်တည်ကြီးနဲ့ အမြဲအလိုပဲ.ကျွန်တော့်မျက်စိထဲတော့ လိုချင်တာမရလို့ စိတ်ကောက်နေတဲ့ ဆူပုတ်ပုတ် ကလေးရုပ်လေးနဲ့တကယ်ကိုချစ်ဖို့ကောင်းလိုက်တာ.၆ ရက်တွေ့ပြီး စာမေးပွဲ တွေပြီးတော့ ထပ်ပြီး မတွေ့ရတော့ဘူး.အရမ်းလွမ်းတယ်.
.
.
.
.
.
နှစ်လကြာပြီဆိုပေမဲ့လည်းတစ်ရက်လေးမှမေ့လို့မရဘူး.သူ့ပုံလေး.
.
.
.
အရင် မြန်မာနိုင်ငံ ကျောင်းမှာရော.နိုင်ငံခြားကျောင်းမှာရော ဘယ်မိန်းကလေးဘယ်လိုဆွဲဆောင် ဘယ်လိုလုပ်လုပ် ၃ စက္ကန့် ထပ်ပိုမကြည့်.မျက်လုံးထဲစွဲ ဖို့နေနေသာသာ ဘယ်လိုမှမဖြစ်တဲ့.ကျွန် တော်က ဒီကလေးနဲ့မှပဲ ၁ စက္ကန့် တောင်မေ့လို့မရ.ခေါင်းထဲကထုတ်လို့မရဘူး.
(ဖူးစာ သာမှန်ရင် တစ်နေ့ပြန်တွေ့မှာပေါ့ ကောင်လေးရာ……….)

အလုပ် ကိစ္စ နဲ့နေပြည်တော် ခရီးထွက်ရတယ်.နေ့ဘက် အလုပ်တွေအကုန်ပြီတော့ ညဘက်မှာ ဘုရားဖူးသွားမယ်ဆိုတော့. နေပြည်တော် တန်ခိုးကြီးဘုရားတွေထဲက ဥပ္ပါတသန္တိ ပဲသွားဖြစ်ကြတယ်.ဘုရားရောက်ပြီး ခနကြာတော့ တစ်ယောက်ထဲ နေချင်တာနဲ့ ခနဆိုပြီး ခွဲထွက်လာတယ်.ညဘက် လေလေးတစ်ဖြူးဖြူးနဲ့ တော်တော် နေလို့ကောင်းတယ်.ဟိုဘက်ကြည့် ဒီဘက်ကြည့်နဲ့ တစ်နေရာအကြည့်ရောက်တော့ ခုံတန်းပေါ်မှာ ထိုင်နေတဲ့ အိကျီ အဖြူပုဆိုးအနီကွက်လေးနဲ့ တွေ့ပါပြီဗျား ကျွန်တော် အချိန်ကြာကြီး လွမ်းဆွတ်နေရတဲ့လူသားလေး.
.ကျွန်တော့်ရင်တွေလည်းအတိုင်းမဆခုန်နေတယ်.သူ့လုပ်ရပ် တစ်ခုချင်းစီကအစ အလွတ်နီးပါးရအောင်.မျက်တောင်ခတ်ဖို့မေ့လျော့တဲ့အထိကို သူ့ကိုကြည့်နေမိခဲ့တယ်.အချိန်တွေဘယ်လောက်ကြာမှန်းမသိဘူး သူ့ကို ကျွန်တော့်အရွယ် မိန်းကလေး တစ်ယောက်လှမ်းခေါ်တော့ သူတို့ ဘုရားပေါ်က ဆင်းသွားတယ်. မြင်ရတဲ့တစ်ဆုံးထိ ကျွန်နော်လိုက်ကြည့်နေမိတယ်.

(ကောင်လေးရေ ကြည့်ရတာ ငါတို့တော့ ဖူးစာ မှန်တယ်ထင်ပါရဲ့ နောက်တစ်ခါ တွေ့လို့ကတော့ ဘယ်လို နည်းနဲ့မှ လက်မလွှတ်တော့ဘူး)
.
.
.
အောင်စာရင်းထွက်ခါနီး ကျွန်တော် သူ့ကို သတိရတာပေါ့ဘယ်တုန်းကမှလဲမမေ့ခဲ့ဘူး.သူရောအောင်ပါ့မလားစိတ်တွေပူတယ်.ဟိုကောင်လေးကတော့အောင်တဲ့အထိန်းအမှတ်ဆိုပြီး
အိမ်မှာအလှူလုပ်လို့ သွားလိုက်ရတယ်.

(အောင်ပါ့မလား ဟူး….အောင်ပါစေ ကောင်လေးရေ)

၁ လလောက် ကြာတော့ ဒီနေ့ အပြင်အလုပ်ရှိလို့ ရုံးကို နေ့လည်စာစားပြီးချိန် 12 ထိုးလောက်မှရောက်တယ်.ကားထဲမှာ လိုအပ်တဲ့ ဖိုင်တွေရှာပြီ ဆင်းမယ်ကြံတော့ကားရှေ့မှာ ရပ်နေတဲ့ ကောင်လေးနှစ်ယောက် တစ်ယောက်က နောက်တစ်ယောက်ကို နားကြပ်တွေဘာတွေဖြုတ်ပေးဆံပင်တွေ​ေသချာသပ်တင်ပေး

# ပြောချင်တာက ရန်ပိုင်က စစ်ခွန်းတပ်ထားတဲ့နားကြပ်တွေဖြုတ် စစ်ခွန်းရဲ့ပွနေတဲ့ဆံပင်တွေကို လက်နဲ့သေချာလုပ်ပေး ရန်ပိုင်က စစ်ခွန်းကို လုပ်ပေးနေတာပါ အလုပ်ဖိုင်တင်ပေမဲ့ လည်း သပ်သပ်ရပ်ရပ် ဖြစ်စေချင်လို့ အလုပ်ကိုအလေးထားတဲ့သဘော အဲ့တော့ စစ်ခွန်း က ရန်ပိုင်လုပ်ပေးနေတော့ ခေါင်းငုံ့နေတဲ့ပုံပါ #

ကြည့်နေရင်း ကောင်လေး မျက်နှာမော့လိုက်တဲ့အချိန်တွေ့ လိုက်ရတဲ့သူ. ဟုတ်တာပေါ့ သူမှသူ နာမညိးတောင်မသိရဘဲ ရင်ထဲမှာနေရာအပြည့်ယူထားတဲ့သူ.ရုံးထဲဝင်ပြီး ကောင်တာမှာ စာရွက်တစ်ချို့ထားပြီးပြန်ထွက်လာတယ်.သေချာတယ် အလုပ်ဖိုင်ထားပြီး အလုပ်လာလျှောက်တာဖြစ်မယ်.ရှိုင်းခေတ် တို့တော့ပွတာပဲ.သူကိုယ်တိုင်က ကိုယ့်ရှေ့ကိုရောက်လာတာပဲ.

.(ကောင်လေးရေ sorry ပဲ ဒီတစ်ခေါက် လက်လွှတ်ပေးဖို့စိတ်ကူးမရှိဘူး)

ပြန်ထွက်လာတော့ပြောလ်ုက်သေး

စစ်ခွန်းသာ ….”ဘာလဲကွာ ကောင်တာက အမကြီးကကြောက်ဖို့ကောင်းလိုက်တာ ပြုံးတောင်မပြဘူး သူဠေးရှေ့ဆိုရင်တော့အလိုလုပ်မှာမဟုတ်ဘူး ငါသာ သူဠေးဆိုရင် သူ့ကိုဖြုတ်ပစ်ပြီး”

တကယ့်ကို ဇိုး လေး.
.
.
.
.
.အလုပ်ဖိုင်ကြည့်ပြီးချက်ချင်းသာ ဖုန်းဆက်လိုက်ချင်တော့တယ်.တစ်ပါတ်မနည်းသည်းခံလိုက်ရတယ်.ဖုန်းဆက်တော့သူ့အသံ ရင်တွေခုန်လိုက်တာ.

(ကောင်လေး……. မင်းကတော့အသံနဲ့တင်..လူသတ်လို့ရနေပြီ)

training တစ်ရက် လူကသွားကြည့်ချင်တာ တစ်ပိုင်းကိုသေနေပြီ ထိုင်မရထမရ ကိုယ့်ပုံကို ကြည့်ပြီးစိတ်လည်းပျက်နေပြီ

(မင်းတော့ မရတော့ဘူး ရှိုင်းခေတ် .စစ်ခွန်းသာရေ မင်းငါ့ကိုဘာတွေနဲ့များပြုစားလိုက်တာလဲ)

အလုပ်စဆင်းနေပြီးတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အဲ့ကိုသွားရမှာပဲ မန်နေဂျာတော့ ခေါင်းမီးလောင်နေလောက်ပြီး ရုတ်တရက်ရောက်ချလာတဲ့သူဠေးကြောင့်.အော် ငါ့အဖြစ် ကလေးတစ်ယောက်နဲ့မှပဲလုံးဝမနိုင်တော့ဘူး.ကိုယ်ကသာ သူကိုကြည့်နေပေးမဲ့ သူကတော့ခေါင်းငိုက်စိုက်နဲ့အတော်ကြောက်နေပုံပဲ.

( ဒါကြ ကြောက်တတ်သား)

ပထမဆုံးနေ့မှာပဲကလေးကို သွားခြောက်သလိုများဖြစ်နေပြီလား.ဒါမဲ့လည်း မတတ်နိုင်ဘူး အရမ်းတွေ့ချင်နေပြီ.အလုပ်ဆင်းတဲ့ထိ ကျွန်တော် စောင့်တော့ အရင်တုန်းကတိုင်းပဲ တစ်ရောက်ထဲ ဆုပုတ်ပုတ် နဲ့ bus ကားလာတော့တက်သွားလေရဲ့.အခုခေတ် bus တွေကပဲ အမြန်လာတာလား မသိတော့ပါဘူး ကျွန်တော်ကတော့ခနလေးပဲတွေ့လိုက်ရသလိုဘဲ.

စစ်ခွန်းသာ…. (အိပ်ရအောင်ပါ စစ်ခွန်းသာ ရယ် ငါအိပ်ပရစေ မနက်အလုပ်သွားရအုံးမှာ ငါတောင်းပန်ပါတယ်ကွာ အိပ်ရအောင်ပါ)
ညဘက်အထိသူ့အကြောင်းစဥ်းစားလို့ကမပြီးသေးဘူး အိပ်လို့လည်းမရဘူး (စိတ်ညစ်တယ်ကွာ )

ညနက်မှအိပ်ပျော်မနက်မှ မထချင် ​နောက်ကျမှာဆိုးလို့ အသည်းအသန်တွေ သွားရ.အလုပ်ဆင်းတော့ bus ထိုင်စောင့်ရင်း သူ့အကြောင်းတွေးမိတော့ပြုံးမိသေး

(မင်းတော့ မလွယ်ပါလား စစ်ခွန်သာ ဆေးမမှီတော့ဘူး ဟက်…)

မှတ်တိုင် ဘေးနားလောက်မှာ ကားအမဲတစ်စီးလာရပ်တယ် ကားကနိုင်ငံခြားဖြစ်ဆိုတော့ မဲပြီး ကြည်လက်နေတာပဲ
တီးတီး….တီတီး……

(ဘာလဲ ဟွန်းတီးပြီးလူခေါ်နေတာလား ဘေးနားမှာ ဘယ်သူမှလဲမရှိဘူး အဲ့တော့ငါ့ခေါ်နေတာလား မဖြစ်နိုင်တာ)
တီ…….

ဟုတ်ဟုတ်မဟုတ်ဟုတ် မတတ်နိုင်တော့ဘူး ဒီနားမှာလည်း ငါပဲရှိတာ

(မသိဘူးကွာ သွားမယ်)

ဖြည်းဖြည်းချင်း လျှောက်သွားတော့ အနားရောက်ခါနီးမှာ မှန်တံခါးအောက်ကို လျှောကျလာတယ်.အထဲကလူ……

# ဘယ်သူလဲ သိပြီထင်တယ်…..😁

Zawgyi…

ရှိုင်းခေတ်’pov

ဒီနေ့ဆယ်တန်းစာမေးပွဲဖြေရက်တဲ့.ကျွန်တော်လည်းအစက မသိပါဘူး. ကျွန်တော့အသိအိမ်က မနက်စာဖိတ်​ကျွေးလို့သွားတော့ သူတို့အိမ်က သားကနှစ်ကျ ဆိုတော့ အဝေးကကျောင်းမှာ ခုံနံပါတ်ကျတယ်. အရှေ့ဒဂုံဘက်တဲ့ တော်တော် ဝေးပုံပဲ.မနက် ကျွန်တော်ရောက်တော့ အိမ်က ကားပျက်နေလို့ သူ့အမေကော သားကော ဒုက္ခ ရောက်နေတယ်















.
.
.
.
အိမ်ရောက်တော့

“ကဲ ကားကဘာတဲ့လဲ “








.
.
.
.
.


.
.
.
.
.
.
.
အလုပ် ကိစ္စ နဲ့နေပြည်တော် ခရီးထွက်ရတယ်.နေ့ဘက် အလုပ်တွေအကုန်ပြီတော့ ညဘက်မှာ ဘုရားဖူးသွားမယ်ဆိုတော့. နေပြည်တော် တန်ခိုးကြီးဘုရားတွေထဲက ဥပ္ပါတသန္တိ ဘုရားဖူးဖြစ်ကြတယ်.ဘုရားရောက်ပြီး ခနကြာတော့ တစ်ယောက်ထဲ နေချင်တာနဲ့ ခနဆိုပြီး ခွဲထွက်လာတယ်.ညဘက် လေလေးတစ်ဖြူးဖြူးနဲ့ တော်တော် နေလို့ကောင်းတယ်.ဟိုဘက်ကြည့် ဒီဘက်ကြည့်နဲ့ တစ်နေရာအကြည့်ရောက်တော့ ခုံတန်းပေါ်မှာ ထိုင်နေတဲ့ အိကျီ အဖြူပုဆိုးအနီကွက်လေးနဲ့ တွေ့ပါပြီဗျား ကျွန်တော် အချိန်ကြာကြီး လွမ်းဆွတ်နေရတဲ့လူသားလေး.ကျွန်တော့်ရင်တွေလည်းအတိုင်းမဆခုန်နေတယ်.သူ့လုပ်ရပ် တစ်ခုချင်းစီကအစ အလွတ်နီးပါးရအောင်.မျက်တောင်ခတ်ဖို့မေ့လျော့တဲ့အထိကို သူ့ကိုကြည့်နေမိခဲ့တယ်.
.
.
.
.

.
.
.

.
.
.
.
.
၁ လလောက် ကြာတော့ ဒီနေ့ အပြင်အလုပ်ရှိလို့ ရုံးကို နေ့လည်စာစားပြီးချိန် 12 ထိုးလောက်မှရောက်တယ်.ကားထဲမှာ လိုအပ်တဲ့ ဖိုင်တွေရှာပြီ ဆင်းမယ်ကြံတော့ကားရှေ့မှာ ရပ်နေတဲ့ ကောင်လေးနှစ်ယောက် တစ်ယောက်က နောက်တစ်ယောက်ကို နားကြပ်တွေဘာတွေဖြုတ်ပေးဆံပင်တွေ​သေချာသပ်တင်ပေး

.
.


ဟက်…..တကယ့်ကို ဇိုး လေး..
.






( ဒါကြ ကြောက်တတ်သား)



.
.
.
.

.
.
.
တီးတီး….တီတီး……

တီ…….


(မသိဘူးကွာ သွားမယ်)


# ဘယ်သူလဲ သိပြီထင်တယ်…..😁

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၃, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၃, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၃ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၃ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၃ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၃ light novel, ,

Comment

Leave a Reply

Chapter 4